- After-Shows
- Alternative
- Animals
- Animation
- Arts
- Astronomy
- Automotive
- Aviation
- Baseball
- Basketball
- Beauty
- Books
- Buddhism
- Business
- Careers
- Chemistry
- Christianity
- Climate
- Comedy
- Commentary
- Courses
- Crafts
- Cricket
- Cryptocurrency
- Culture
- Daily
- Design
- Documentary
- Drama
- Earth
- Education
- Entertainment
- Entrepreneurship
- Family
- Fantasy
- Fashion
- Fiction
- Film
- Fitness
- Food
- Football
- Games
- Garden
- Golf
- Government
- Health
- Hinduism
- History
- Hobbies
- Hockey
- Home
- How-To
- Improv
- Interviews
- Investing
- Islam
- Journals
- Judaism
- Kids
- Language
- Learning
- Leisure
- Life
- Management
- Manga
- Marketing
- Mathematics
- Medicine
- Mental
- Music
- Natural
- Nature
- News
- Non-Profit
- Nutrition
- Parenting
- Performing
- Personal
- Pets
- Philosophy
- Physics
- Places
- Politics
- Relationships
- Religion
- Reviews
- Role-Playing
- Rugby
- Running
- Science
- Self-Improvement
- Sexuality
- Soccer
- Social
- Society
- Spirituality
- Sports
- Stand-Up
- Stories
- Swimming
- TV
- Tabletop
- Technology
- Tennis
- Travel
- True Crime
- Episode-Games
- Visual
- Volleyball
- Weather
- Wilderness
- Wrestling
- Other
သတင်းထုတ်လွှင့်ချက် - ( EP - 132 )
သတင်းထုတ်လွှင့်ချက် - ( EP - 132 )

ဇွန်လ ၅ ရက်၊ ၂၀၂၃ ခုနှစ်။

တင်ဆက်ပေးမယ့် သတင်းတွေကတော့ ----- ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ကိုးကန့်တပ်မတော် MNDAA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ပြင်းထန်စွာ
ဖြစ်ပွားနေပါတယ်။

ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်း အနီးက ပင်လယ်ထဲမှာ ဖမ်းမိတဲ့ ရိုဟင်ဂျာ အယောက် ၆၀ ကျော် ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခံခဲ့ရပါတယ်။

ပုလောမှာတော့ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် သေဆုံးသွားတဲ့ သမီးအလောင်း ကို တွေ့ရာက မိခင်ဖြစ်သူ နှလုံးရပ်သေဆုံးခဲ့ပါတယ်။

တနင်္သာရီမြို့နယ်မှာတော့ စစ်ကောင်စီတပ်က ကျေးရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

သတင်းလွှာထဲမှာတော့ အရေးပေါ် ကျောင်းဆောင်ပြုပြင်ပေးဖို့ ပြည်နယ်အစိုးရနဲ့ မြို့နယ်ပညာရေးမှူးရုံး တွေမှာ တင်ပြထားပေမယ့် ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသစ်နှစ် ကျောင်းစဖွင့်ချိန်ထိ ကူညီထောက်ပံ့မှုတွေ မရသေး တာကြောင့် နေရပ်ပြန် ဒဘတ်စစ်ရှောင်ပြည်သူတွေက ကျောင်းဆောင်အဟောင်းကို တတ်နိုင်သမျှ ပြုပြင်ပြီး ဇွန်လ ၁ ရက်နေ့က စတင်ကာ ကျောင်းကို ပြန်ဖွင့်ထားတယ်ဆိုတဲ့အကြောင်း သတင်းပေးပို့ချက် ကိုလည်း နားဆင်ရဖို့ ရှိပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။